နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

-ဗင်နီဇွဲလား သမ္မတနဲ့ ဇနီးကို မူးယစ်ဆေးဝါးမှောင်ခိုမှုနဲ့ ကြားနာစစ်ဆေးဖို့ နယူးယောက်မြို့ တရားရုံးတစ်ခုဆီ ခေါ်ဆောင်သွား -ဗင်နီဇွဲလား ယာယီသမ္မတအဖြစ် ဒယ်လ်စီ ရော့ဒရီးဂက်စ် ဒီကနေ့ ကျမ်းကျိန်သစ္စာဆိုဖို့ ရှိ -ဗင်နီဇွဲလား သမ္မတနဲ့ ဇနီးကို ဖမ်းဆီးအပြီး နောက်ပိုင်း အမေရိကန်က ကမ္ဘာ့ရဲကြီးလိုလို၊ တရားသူကြီးလိုလို ပုံဖမ်းနေတယ်လို့ တရုတ်ဝေဖန် -ဗင်နီဇွဲလား သမ္မတကို ဖြုတ်ချသလိုမျိုး ကိုလမ်ဘီယာ သမ္မတကို လုပ်မယ်ဆိုတဲ့ သမ္မတထရမ့်ရဲ့ ခြိမ်းခြောက်မှုကို ကိုလမ်ဘီယာသမ္မတ ပယ်ချ -၂၀၂၅ ရွေးကောက်ပွဲမှာ ဝင်ပြိုင်နေတဲ့ နိုင်ငံရေးပါတီတွေနဲ့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် (UEC) တို့ နေပြည်တော်မှာ တွေ့ဆုံခဲ့ကြရာမှာ ကြိုတင်မဲကိစ္စ အငြင်းပွားစရာ အချက်တွေကို နိုင်ငံရေးပါတီတွေ တင်ပြခဲ့ -ရွေးကောက်ပွဲအပိုင်း ၁ မကျင်းပခင်ကစပြီး စစ်တပ်က တော်လှန်ရေးအားကောင်းတဲ့ စစ်ကိုင်းတိုင်းထဲမှာ စစ်ကြောင်းထိုး တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေရာမှာ ထိခိုက်သေဆုံးမှုတွေအပြင် ထွက်ပြေးရသူတွေလည်း ထောင်ချီရှိ -မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်၊ လောက်ကိုင်မြို့နယ်ထဲက တရုတ်-မြန်မာနယ်စပ် ချင်းရွှေဟော် ဂိတ် ကနေ ကုန်တင်ကားရာနဲ့ချီ ကုန်စည်စီးဆင်းမှုတွေ နေ့စဉ် ပြန်လုပ်နေပြီလို့ ကိုးကန့်တပ်ဘက်က ထုတ်ပြန် -အီရန်မှာ ကိုးရက်မြောက်ဆန္ဒပြမှုတွေ ဆက်လက်ဖြစ်ပွားနေ၊ ဆန္ဒပြသူတွေရဲ့ တောင်းဆိုမှုတွေကို နားစိုက်ထောင်ဖို့ အာဏာပိုင်တွေကို ပါလီမန်လွှတ်တော်ဥက္ကဋ္ဌ တိုက်တွန်း -တောင်ကိုရီးယား သမ္မတရဲ့ လေးရက်ကြာ တရုတ်ခရီးစဉ်ကို တရုတ်သမ္မတက ပြည်သူ့မဟာရင်ပြင်မှာ အခမ်းအနားနဲ့ ကြိုဆိုခဲ့ -ဒေလီမြို့ ၂၀၂၅ ဆူပူအုံကြွမှုမှာ ပါခဲ့သူတွေဆိုပြီး ဖမ်းဆီးခံထားရသူတွေကို အာမခံပေးဖို့ အိန္ဒိယတရားရုံးချုပ် ပယ်ချ