Home
Categories
EXPLORE
True Crime
Comedy
Society & Culture
Business
Sports
TV & Film
Technology
About Us
Contact Us
Copyright
© 2024 PodJoint
00:00 / 00:00
Sign in

or

Don't have an account?
Sign up
Forgot password
https://is1-ssl.mzstatic.com/image/thumb/Podcasts116/v4/ad/4e/19/ad4e19e3-0eee-589d-fd69-7f9379e7c2bf/mza_11794592046917545135.jpg/600x600bb.jpg
AskAlex
Alex Khine
260 episodes
3 days ago
Everything about business development, marketing, communication, blogging, vlogging and other stuffs.
Show more...
Marketing
Business
RSS
All content for AskAlex is the property of Alex Khine and is served directly from their servers with no modification, redirects, or rehosting. The podcast is not affiliated with or endorsed by Podjoint in any way.
Everything about business development, marketing, communication, blogging, vlogging and other stuffs.
Show more...
Marketing
Business
https://d3t3ozftmdmh3i.cloudfront.net/production/podcast_uploaded_nologo/19010008/19010008-1637092623770-f387651c9d17f.jpg
Content Writer အနေနဲ့ design guideline နဲ့ concept ပေးနိုင်အောင် ဘယ်လိုလေ့လာရမလဲ? (Brain Map Part-1)
AskAlex
7 minutes 25 seconds
2 years ago
Content Writer အနေနဲ့ design guideline နဲ့ concept ပေးနိုင်အောင် ဘယ်လိုလေ့လာရမလဲ? (Brain Map Part-1)
Q: content writer တစ်ယောက်အနေနဲ့ designer ကို design guideline နဲ့ concept ပေးနိုင်အောင် ဘယ်လိုတွေလေ့လာပြီး လုပ်ရမလဲခင်ဗျ။ သူများဆွဲထားတဲ့ design တွေကိုကြည့်ပြီး inspiration ယူရ မယ်ဆိုတာတော့ သိပါတယ်။ Pinterest က design တွေကိုကြည့်ပြီး လှတယ်ဆိုတာလောက်ထိပဲ သိတယ်။ ပြန်ပြီးဘယ်လိုဆွဲပါဆိုတာတော့ မပြောတတ်ဘူးရယ်။ ပြန်ပြောဖို့ creative idea လဲ မျက်လုံးထဲ မပေါ်ဘူး။ အဲ့ဒါအတွက် နည်းလမ်းလေးသိချင်ပါတယ်အစ်ကို။ A: ကျွန်တော်သည်လည်း creative သမားမဟုတ်တဲ့အချိန်မှာတော့ creative ဘက်ကဖြေတဲ့ပုံစံမျိုးတော့ ဖြစ်မှာမဟုတ်ဘူး။ ဒါပေမဲ့ ကျွန်တော်တို့ level up marketing group မှာ ကျွန်တော်ပေးနေတဲ့ creative art direction ပုံစံမျိုးလေးတော့ရှိတယ်။ မနေ့ကမှ content writer ညီမတစ်ယောက်ကို ကျွန်တော်ရှင်းပြ နေတာပေါ့နော်။ ကျွန်‌တော်ကဘယ်လိုတွေးလေ့ရှိလဲဆိုတော့ အမြဲတမ်း brain mapping လုပ်တယ်။ brain mapping ဆိုတာလေ နှစ်မျိုးရှိတယ်။ ပထမဆုံးတစ်မျိုးကို အခြေခံတယ်။ ဘာလဲဆိုတော့ ကျွန်တော်တို့ရဲ့ key word ပေါ့လေ။ ကျွန်တော်တို့က ဘာပြောချင်တာလဲ။ content တောင်မစဉ်းစား သေးဘူး။ ကျွန်တော်တို့ရုံးက content writer ညီမလေးဆိုရင် အမြဲတမ်းစစချင်းစဉ်းစားတဲ့ ပုံစံကကျတော့ content ကိုဘယ်လိုစရေးကြမှာလဲဆိုတဲ့ပုံစံက စဉ်းစားကြတယ်။ content ကိုမစဉ်းစားဘဲနဲ့ topic ကို အရင်ဆုံးစဉ်းစားကြည့်တယ်ပေါ့နော်။ content ကဘာအကြောင်းရေးမှာလဲ။ ဥပမာ- Deli ကော်ဘူး ပေါ့နော်၊ ပုံမှန်စဉ်းစားတာဆိုရင် ဘယ်လိုကပ်တယ်ဆိုတဲ့ဟာမျိုးကို စဉ်းစားကြတာများတယ်။ ဆက်စပ် နေတဲ့ unique selling point တွေစဉ်းစားကြည့်တယ်၊ ဒါကို content ထဲမှာပြချင်တာကိုး။ အမြဲတမ်း ကပ်တယ်တို့၊ easiest ဖြစ်တယ်တို့၊ တော်ရုံနဲ့မကွာဘူး၊ စျေးသက်သာတယ် ဘာဖြစ်တယ်ညာဖြစ်တယ် ပေါ့နော်။ အဲ့တာနဲ့ပတ်သက်ပြီး USPA ထိုင်ကြည့်တယ်။ အဲ့ဒီ USPA လဲဆိုတော့ ဘယ်လိုမျိုး life style မှာ သုံးသင့်လဲဆိုတာကို တွေးကြည့်တယ်။ ကျွန်တော် content တစ်ပုဒ်စဉ်းစားပြမယ်။ ကျွန်တော်ရဲ့ page မှာ ရေးလေ့ရှိတယ်။ red strategy ချခဲ့တာရှိတယ်။ အဲ့‌တော့ ကော်ဘူးတစ်ဘူးက အရင်တုန်းကလူဆိုရင် ခရီးသွားရင်ဖြစ်ဖြစ်၊ တခြားနိုင်ငံကဆွေမျိုးသားချင်းတွေကိုဖြစ်ဖြစ် စာရေးပေးလေ့ရှိတယ်။ အခုမှသာ စာရေးတဲ့အလေ့အကျင့်က တော်တော်လေးနည်းလာတာပေါ့လေ။ စာ‌ရေးတာက personal text ပါတယ် ဆိုတော့ လူတွေကသဘောကျတယ်။ ဒီကော်ဘူးကို လက်ရေးစာရေးတာမှာ အသုံးပြုလို့ရတယ်ပေါ့။ ဘာကြောင့်လဲဆိုတော့ စာအိတ်ပိတ်တယ်ဆိုရင် ကော်ဘူးက လိုကိုလိုတယ်။ ကော်ဘူးသည် ကျွန်တော်တို့ content ရဲ့ hero element တော့ဖြစ်မှာမဟုတ်ဘူး။ support element တစ်ခုပဲဖြစ်မှာ။ ဘာကြောင့်လဲ ဆိုရင် ကျွန်တော်တို့စဉ်းစားတယ်ဆိုရင်က life style activity တစ်ခုတည်းကို အမြဲတမ်းထည့်ပြီးစဉ်းစာ တာမို့လို့။ ထပ်ပြီးစဉ်းစားကြည့်ရအောင်။ ကော်ဘူးရဲ့ ကော်ကပ်တယ်ဆိုတဲ့ဟာကို စဉ်းစားကြည့်တဲ့ အချိန်မှာ တစ်ခုသည်ဖြစ်သွားနိုင်တာက USB ကိုစဉ်းစားတယ်။ နောက်တစ်ခုက life style ကိုစဉ်းစား တယ်။ life style ထဲမှာပဲ တစ်ခုစဉ်းစားတာက ကိုယ်ချစ်ရတဲ့သူကို စာပို့တယ်ဆိုတဲ့ဟာမျိုးကို စဉ်းစား ကြည့်တယ်ပေါ့။ ဒါမှမဟုတ် life style မှာပဲ ဒီကော်ဘူးကို ဘယ်လိုသုံးရမလဲဆိုတာမျိုးကို ထပ်စဉ်းစား တယ်ပေါ့လေ။ ကိုယ်ချစ်ရတဲ့သူကို life style မှာသွားစဉ်းစားလိုက်ပြီဆိုရင် စာပို့ရင် ဘယ်လိုမျိုး ပို့လေ့ရှိတာလဲ။ တချို့ဆိုရင်ဗျာ စာထဲကိုမျက်ရည်ပေါက်ပုံစံမျိုးလေးတွေနဲ့ ထည့်ပြီးပို့လေ့ရှိတယ်။ တချို့ တွေကကျတော့ စာရေးတဲ့အနားနားမှာ ပန်းခြောက်လေးတွေ၊ ပန်းခူးပေးတဲ့ဟာလေးပြလေ့ရှိတယ်။ အဲ့ဒီလူတစ်ယောက်ရဲ့ life style ကိုလုပ်နေတဲ့အချိန်မှာ ကိစ္စတွေအကုန်လုံးကို ခေါင်းထဲမှာတွေးကြည့်တာ။ ဒါသည်ဘယ်သူမဆို လုပ်လို့ရနိုင်ပါတယ်။ အဲ့တော့ life style ရှိမယ်။ အဲ့ life style ကိုမှ စာရေး ကြမယ်။ စာရေးတာသည် နိုင်ငံခြားမှာရောက်နေတဲ့ ကိုယ့်အမျိုးသားကို၊ ကိုယ့်အမျိုးသမီးကိုရေးကြ မယ်ဆိုရင် ကျွန်တော်တို့ အနားမှာပန်းပွင့်လေးတွေရှိမယ်၊ ဘောပင်တစ်ချောင်းရှိမယ်၊ ကော်ဘူးတစ်ဘူး ရှိမယ်ဆိုတဲ့ဟာမျိုးတွေးလိုက်တယ်။ ဆိုတော့အဲ့ဒီ brain map လုပ်လိုက်တဲ့ element တွေသည် ကျွန်တော်တို့က ဒီ element တွေကိုပါချင်ပါတယ်ဆိုရင် content direction ထဲမှာ copy writer, content writer ကထည့်ပြီးတော့ရေးပေးရတယ်။ ဒါမှ art director ကနေ ငါတို့ကတော့ content က‌တော့ ဒါမျိုးတွေလာဖို့ရှိတယ်။ သူ့အနေနဲ့ဘယ်လိုမျိုးပုံဖော်မှာလဲဆိုတဲ့ဟာမျိုး ဆက်ပြီးတော့စဉ်းစားတာ။ ဆိုတော့အဲ့တာသည် art director ဘက်ကနေ art direction ပေးတဲ့ပုံစံမျိုး။ content writer ဘက် က‌တော့ အဲ့ဒီ visual ထဲမှာ ဘယ်လိုမျိုး element တွေပါချင်တယ်ဆိုတဲ့ပုံစံမျိုးကို စဉ်းစားတာက များတယ်။ ဒါက content writer ဘက်ကတွေးတဲ့ပုံ။ #marketing #digitalmarketing #market #career #askalex #askalexmm
AskAlex
Everything about business development, marketing, communication, blogging, vlogging and other stuffs.