Home
Categories
EXPLORE
True Crime
Comedy
Society & Culture
Business
Sports
TV & Film
Technology
About Us
Contact Us
Copyright
© 2024 PodJoint
00:00 / 00:00
Sign in

or

Don't have an account?
Sign up
Forgot password
https://is1-ssl.mzstatic.com/image/thumb/Podcasts116/v4/ad/4e/19/ad4e19e3-0eee-589d-fd69-7f9379e7c2bf/mza_11794592046917545135.jpg/600x600bb.jpg
AskAlex
Alex Khine
260 episodes
3 days ago
Everything about business development, marketing, communication, blogging, vlogging and other stuffs.
Show more...
Marketing
Business
RSS
All content for AskAlex is the property of Alex Khine and is served directly from their servers with no modification, redirects, or rehosting. The podcast is not affiliated with or endorsed by Podjoint in any way.
Everything about business development, marketing, communication, blogging, vlogging and other stuffs.
Show more...
Marketing
Business
https://d3t3ozftmdmh3i.cloudfront.net/production/podcast_uploaded_nologo/19010008/19010008-1637092623770-f387651c9d17f.jpg
Content Writing Skill ပိုကောင်းလာအောင် ဘယ်လိုလေ့ကျင့်ပြီး ဘယ်လိုတွေ research လုပ်ရမလဲ?
AskAlex
5 minutes 37 seconds
2 years ago
Content Writing Skill ပိုကောင်းလာအောင် ဘယ်လိုလေ့ကျင့်ပြီး ဘယ်လိုတွေ research လုပ်ရမလဲ?

Q: Content writer တစ်ယောက်အနေနဲ့ ကိုယ့်ရဲ့ content writing skill ပိုကောင်းလာအောင် ဘယ်လိုတွေ လေ့ကျင့်သင့်လဲ၊ ဘယ်လိုတွေ research လုပ်သင့်လဲ အကို၊  A: ကျွန်တော်ရဲ့ youtube နဲ့ tiktok channel တွေမှာ post by post လေး video  question by question လည်း ပြန်ပြီးတော့ ခွဲပေးလေ့ရှိပါတယ် ကျွန်တော်ရဲ့ အဲ့၂ခုကို သွားပြီးတော့ ကြည့်လို့ရတယ်ပေါ့။  ကျွန်တော် link လေးပေးပါမယ်၊ အဲ့ link လေးမှာသွားပြီးတော့ ကျွန်တော်အရင်တုန်းကဖြေခဲ့တဲ့ မေးခွန်းတွေကိုကြည့်ချင်တယ် ဆိုလို့ရှိရင် အဲ့မှာသွားပြီးကြည့်လို့ရပါတယ်၊ ကျွန်တော် link လေး တစ်ချက် ချပေးချင်လို့၊ ဒါက youtube channel ပါ youtube ကနေကြည့်နေတဲ့သူတွေ ရှိနေတာပေါ့ အဲ့တာ ကျွန်တော်ရဲ့ youtube channel ပါ၊ youtube ထဲမှာလည်း ကျွန်တော်တို့က ဘယ်လိုလုပ်ပေးလဲဆိုတော့ တစ်ချက်လေး screen share ပေးပါ့မယ်၊ youtube channel ရဲ့ပုံစံလေးတွေပေါ့လေ၊ အဲ့တာ ကျွန်တော်တို့ video အောက်ထဲမှာ တစ်ခုချင်းစီ video အသေးတွေ တစ်ခုချင်းစီကိုပြန်ပြီးခွဲပေးပါတယ်။ ကျွန်တော်ရဲ့ ကူပေးနေတဲ့ volunteer ညီမ Myat Wuit Yee ကိုကျေးဇူးအများကြီးတင်ပါတယ်၊ သူလုပ်ပေးလို့ပါ ဒီဟာတွေအကုန်က အဲ့တော့ တစ်ခုချင်းစီအတွက်ကိုပြန်ပြီးတော့ ခွဲပေးထားတဲ့ပုံစံမျိုးလေးတွေပါ၊ ပြီးတော့ ကျွန်တော်ဒီဟာကို ပြန်ပြီးတော့ စာအုပ်ထုတ်မယ်ပေါ့၊ စာအုပ်လည်းရေးပြီးသလောက်တော့ ဖြစ်နေပါပြီ။ အဲ့ဟာလည်းထပ်ပြီးတော့ ကြော်ငြာဝင်တာပါ။ ဘယ်လိုမျိုး content writing skill ပိုကောင်းလာအောင် လေ့ကျင့်သင့်လဲ၊ research လုပ်သင့်လဲဆိုတော့ ကျွန်တော်တို့က ဘာလုပ်လဲဆို တော့ ကျွန်တော်တို့က content writing skill ကတော့လေ စကားလုံးတွေ ဝေါဟာရတွေကို လိုက်ဖတ်တယ် အဲ့ဒီတော့ ဝေါဟာရကတော့ content writer တစ်ယောက်မှာရှိသင့်တယ်၊ ဝေါဟာရသည် very base line, very foundational thing ပါ။ အဲ့ဟာရဲ့ next level မှာဘာရှိလဲဆိုတော့ story telling approach  ကိုဘယ်လောက်ထိ လုပ်နိုင်မှာလဲဆိုတဲ့ ဟာမျိုးလေးရှိတယ်၊ content writing skill မှာ frame work တွေရှိတယ်၊ ဥပမာ Pain, Agitate, Solution ဆိုတဲ့ PAS frame work ရှိတယ်၊ AIDA ဆိုတဲ့ content writing frame work ရှိတယ်၊ စတဲ့ဟာတွေပေါ့ ကျွန်တော်က အဲ့ဟာကို သိပ်မကြည့်ဘူး ဘာကို ဦးစားပေးပြီးလုပ်လဲဆိုတော့ ကျွန်တော်တစ်ဦးထဲပြောတာနော် နောက်တစ်ခု ကျွန်တော်သည်လည်း content creative မဟုတ်ဘူး။ အဲ့တော့ တစ်ဦးတစ်ယောက်အတွက်က ကျွန်တော်က ဘာကိုကြည့်တာများလဲဆိုတော့ big idea ဒီ topic ကိုအရင်ဆုံး လိုက်ရှာတာ topicကို ဒီ ပစ္စည်းတစ်ခု ဒီ brand တစ်ခုအတွက် ရေးတော့မယ်ဆိုလို့ရှိရင် အဲ့  Audiences ကစိတ်ဝင်စားနေတာဘာရှိလဲ အဲ့တာလိုက်ကြည့်တယ် အဲ့တာကိုသိပြီးရင်က လူတွေရဲ့ culture relevant ဒီအချိန်မှာလူတွေစိတ်ဝင်စားနေတာဘာလဲဆိုတဲ့ဟာနဲ့ ကျွန်တော်တို့ရဲ့ functional relevant ကျွန်တော်တို့ ဘယ်လိုမျိုး unit selling point တွေ ရောင်းချင်တဲ့ brand  တစ်ခုဘဲပေးနိုင်တဲ့ feature တွေအကုန်လုံး အဲ့ဟာကိုရောပြီးတော့ရေးပါတယ်၊ ထားပါတော့ ဥပမာ နှစ်သစ်ဆိုတဲ့ဟာမှာ    Gym တွေ  အနေနဲ့ new year new you လို့ရေးလို့ရတယ်ဆိုပေမဲ့ ထားပါတော့ အစားအသောက် brand တွေဆိုရင် new year new  you လို့ ရေးဖို့ခက်တယ် new year new  you လို့မရေးဘဲ အစားအသောက် brand တစ်ခုက နှစ်သစ် သည်ဘယ်လိုမျိုး အဓိပ္ပာယ်ဖော်ဆောင်နေတာလဲ အဓိပ္ပာယ်ရှိနေတာလဲဆိုတဲ့ပုံစံမျိုး celebration တစ်ခုအနေနဲ့ သွားမယ် စတဲ့ customer centric approach   ကို ဦးစားပေးပြီးလုပ်မယ်၊ အဲ့ဟာတွေအကုန်လုံးကို ကျွန်တော်တို့က content မှာရေးကြည့်တာ၊ ရေးကြည့်တယ်၊ ချုံ့ကြည့်တယ်၊ ပိုပြီး excited ဖြစ်စေတဲ့  approach  တွေနဲ့ ရေးကြည့်မှာလား၊ story telling approach  နဲ့ ရေးကြည့်မှာလား၊ ဘယ်လိုမျိုး emotion မျိုးပေးမှာလဲဆိုတဲ့ ပုံစံမျိုးကို အမျိုးမျိုးခွဲပြီးတော့ ပုံစံအမျိုးမျိုးနဲ့ content topic တစ်ခုထဲကို ပုံစံအမျိုးမျိုးနဲ့ရေးကြည့်တယ် အဲ့ပေါ်မှာမှ ဘယ်ဟာသည် အကောင်းဆုံးဖြစ်နိုင်မလဲဆိုတာ သုံးသပ်ပြီးတဲ့အချိန်ကျတော့မှဘဲ post တွေတင်တာများပါတယ်။ #marketing #digitalmarketing #market #career #askalex #askalexmm

AskAlex
Everything about business development, marketing, communication, blogging, vlogging and other stuffs.