
စက်တင်ဘာလ ၁၄ ရက်နေ့မှာ iPhone အသစ်ထွက်မယ်ဆိုတာ သေချာသွားပါပြီ။ အခုနောက်ပိုင်း နှစ်တွေမှာ ဖုန်းအသစ်မထွက်ခင် ကြိုတင်မှန်းဆမှုတွေဟာ အရင်ထက်ပိုပြီး တိကျလာပါတယ်။ ဆိုတော့ ဒီလာမယ့် iPhone အသစ်မှာ ဘာတွေပါလာမလဲ။ မနှစ်က ဖုန်းနဲ့ယှဉ်ရင် ဘယ်လောက်အထိ ပြောင်းလဲသွားမလဲဆိုတာတွေကို Tech ကဖေးက ပေါ့ပေါ့ပါးပါးလေး ဆွေးနွေးပေးထားပါတယ်။ ၁၅ မိနစ်စာ ဒီ episode လေးကိုနားထောင်ပြီး ၁၄ ရက်ညကျရင်တော့ တကယ် မှန်မမှန်ဆန်းစစ်လို့ရပြီပေါ့။