
"ဝိုင်းကူ တွန်းကြမယ်လေ"
သူငယ်ချင်းရေ
မင်းဟာ ကရင်
ငါ ကချင်ဖြစ်လို့
ရင်ဘတ်ချင်း မတူရဘူးလား။
သူငယ်ချင်းရေ
မင်းဟာ ရခိုင်
ငါ ကယားဖြစ်လို့
အမှားက အမှန်ဖြစ်ရတာလား။
သူငယ်ချင်းရေ
မင်းဟာ ချင်း
ငါ ရှမ်းဖြစ်လို့
ပန်းရနံ့က ယမ်းနံ့သင်းရတာလား။
သူငယ်ချင်းရေ
မင်းဟာ ဗမာ
ငါ မွန်ဖြစ်လို့
ခွေးဆိုးခွေးစစ်တွေကို
ချစ်တတ်ရမှာလား။
သူငယ်ချင်းရေ
မင်းဟာ ကုလားဖြစ်လို့
မင်းဟာ တရုတ်ဖြစ်လို့
မင်းဟာ လူမည်းဖြစ်လို့
မင်းဟာ လူဖြူဖြစ်လို့
မတူတာက အပြစ်လား။
သူငယ်ချင်းရေ
လောကမှာ
လူလာဖြစ်တာမို့
မတူတာ အပစ်မဟုတ်
မင်းဆိုးမင်းညစ်
ခွေးဆိုး ခွေးစစ်ကို
နှစ်သက်လျှင်တော့
သူငယ်ချင်းရေ
မင်း...လူမဟုတ်။
သူငယ်ချင်းရေ
ရှေ့မှာ...ခွေးဆိုး ခွေးစစ်တွေ
တို့ကလေးရဲ့အနာဂတ်ကို
နင်းဖျက်နေကြပေ...။
တို့ကလေး အနာဂတ်
ခရီးဆက်ဖို့
တစ်ယောက်တစ်လက်
ဝိုင်းကူ တွန်းကြမယ်လေ။
Myo Min
28.6.21
12:53AM(Monday)