
အားလပ်ရက်တွေ ပွဲတော်ရက်တွေဟာ မိသားစုတွေ၊ ချစ်ရတဲ့သူတွေနဲ့ အချိန်ပေးပြီး အပန်းဖြေဖို့အချိန်လို့ လူအများကထင်ကောင်းထင်ကြပေမယ့် တချို့သူတွေအတွက်တော့ ထိုနေ့ရက်တွေဟာ စိတ်ပိုင်းဆိုင်ရာဖိစီးမှုတွေနဲ့ အခက်အခဲတွေကိုရင်ဆိုင်နေရတဲ့ အချိန်ကာလလည်းဖြစ်နေတတ်ပါတယ်။ဒါကြောင့် "အားလပ်ရက်နဲ့ ကြောင့်ကြစိတ်" ဆိုတဲ့ခေါင်းစဉ်အောက်မှာ အားလပ်ရက်တွေမှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကြောင့် ဖြစ်ပေါ်လာနိုင်တဲ့စိတ်ဖိစီးမှုတွေနဲ့ ထိုစိတ်ဖိစီးမှုတွေကိုဘယ်လိုကျော်လွှားနိုင်မလဲစသဖြင့်နည်းလမ်းတွေကိုဆွေးနွေးသွားမှာဖြစ်ပါတယ်။