
လူထု၏ ကျန်းမာရေးကို စတင်ခြိမ်းခြောက်လာသည့် ပင်းပက်သံမဏိစက်ရုံ
သဘာဝကပေးထားတဲ့ တော ၊ တောင် ၊ ရေ ၊ မြေတွေကို မှီတင်ပြီး စိုက်ပျိုးရေးနဲ့ အသက်မွေးဝမ်းကြောင်းပြုနေတဲ့ သျှမ်းပြည်ပုံအင်းဒေသဟာ အနာဂတ်မှာ စိုက်ပျိုးရေးလုပ်လို့မရတော့မှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။
ပုံအင်းကထွက်တဲ့ နောင်မွန်သျှမ်းဆန်ဟာ နာမည်ကြီးပြီး မြန်မာနိုင်ငံတစ်ဝှမ်းကို တင်ပို့လျက်ရှိပါတယ်။
ဒါပေမဲ့ အာဏာရှင်အဖွဲ့အစည်းတစ်ခုရဲ့ စီးပွားရေးတွေကြောင့် ပုံအင်းဒေသမှာတော့ နောက်နှစ်တွေမှာ စပါးစိုက်ပျိုးဖို့အတွက် ခက်ခဲလာတော့မှာဖြစ်ပါတယ်။
သျှမ်းသံတော်ဆင့်ရဲ့ စာဖတ်ပရိသတ်များအားလုံးပဲမင်္ဂလာပါ။ သျှမ်းသံတော်ဆင့်ရဲ့ Podcast ကနေ ပြန်ကြိုဆိုလိုက်ပါတယ်။ ဒီတစ်ပတ် Podcast ထဲမှာတော့ လူထုကျန်မာရေးကို စတင်ခြိမ်းခြောက်လာနေတဲ့ ပင်းပက်သံမဏိစက်ရုံ ဆိုတဲ့ ဆောင်းပါးတစ်ပုဒ်ကို လာတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။
ဒီဆောင်းပါးကို စိုင်းဟန်လင်းမှာရေးသားထားပြီး သျှမ်းသံတော်ဆင့်မှာ အောက်တိုဘာ ၃၁ ရက်နေ့က ဖော်ပြထားပါတယ်။
ဒီဆောင်းပါးကို စိုင်းဆိုင်လျန် မှပြန်တင်ဆက်ထားပါတယ်။