The Arakan Army (AA) has emerged as a dominant force in western Myanmar, expanding its territorial control and military alliances while keeping its political objectives—whether secession, confederation, or federalism—deliberately unclear. In this podcast, we explore the challenges the AA needs to handle in pursuing its goals and how these constraints can also work as political guardrails.
Since April 2025, KNLA and allied PDFs have seized key military outposts in the Thai-Myanmar border, with the SAC failing to regain control of the Asian Highway. In response, Thailand is leaning toward China’s conflict resolution strategy, focusing on de-escalating conflict through trade and economic incentives. In this podcast, we explain five key differences between Thailand and China in influencing Myanmar’s conflict actors.
The China-brokered Lashio Model, which allowed the SAC to retake Lashio while the MNDAA held surrounding areas, marks a shift toward “subcontracting sovereignty” through externally mediated ceasefires. It risks deepening Myanmar’s fragmentation and weakening statehood.
In this podcast, we unpack what the Lashio Model reveals about shifting power dynamics, contested sovereignty, and the urgent need for political guardrails.
စစ်ကိုင်း-မန္တလေး ငလျင်ကြီးလို သဘာဝဒုက္ခတွေနဲ့ စစ်ရေးပဋိပက္ခတွေရဲ့ အကျိုးဆက်တွေကြောင့် ဖြစ်လာတဲ့ ကျပ်တည်းမှုတွေအပြင် ကုန်သွယ်စီးပွားလမ်းကြောင်း ပြတ်တောက်ခံနေရတဲ့ ကာလအတွင်းမှာ ပြည်သူတွေရဲ့ စားဝတ်နေရေးက ဘာတွေဖြစ်နေလဲ၊ ဘယ်လိုတွေရုန်းကန်နေရတာလဲ၊ ဘယ်ကများ အကူအညီတွေ ရနေသေးသလဲ။ အခုပေ့ါကတ်စ်မှာ ပြည်တွင်း ကုန်သွယ်စီးပွားပိတ်ဆို့မှုတွေအကြားက ပြည်သူတွေရဲ့ ကြံ့ကြံ့ခံရင်ဆိုင်နိုင်စွမ်းအပေါ် စစ်တမ်းတွေ့ရှိချက်တွေကို အခြေခံပြီး သုတေသနရှုထောင့်ကနေ တင်ပြသွားမှာပါ။
စစ်ကော်မရှင်ရဲ့ စီးပွားရေးမူဝါဒတွေနဲ့ နိုင်ငံအနှံ့ပဋိပက္ခတွေကြောင့် ပြတ်တောက်ခဲ့ရတဲ့ ကုန်သွယ်ရေးလမ်းမကြီးတွေအပြင် တရုတ်နိုင်ငံက ရည်ရွယ်လုပ်ဆောင်ခဲ့တဲ့ ဖြတ်ငါးဖြတ်မူဝါဒကလည်း ကုန်သွယ်စီးပွား ပြတ်လပ်မှုတွေအပေါ် ကြီးမားတဲ့သက်ရောက်မှု ရှိခဲ့ပါတယ်။ ဒီလိုအခြေအနေတွေဟာ နဂိုကတည်းကဆိုးရွားနေတဲ့ ပြည်သူလူထုတွေရဲ့ စားဝတ်နေရေးအပေါ် ဘယ်လို သက်ရောက်မှု ရှိနေပါသလဲ၊ ပြည်သူတွေ ဘယ်လိုရုန်းကန် ရင်ဆိုင်နေကြရပါသလဲ၊ အားကိုးထိုက်စရာ ဘယ်လိုဘယ်ပုံ အကူအညီများ ရနေပါသေးသလဲဆိုတာကို တင်ပြသွားပါ။
ကျနော်တို့ အိမ်လည်း ဖျက်ဆီးခံရတဲ့ထဲ ပါသွားပြီလို့ သတင်းပေးကြတယ်။ ဘယ်သူ့ကိုရယ်လို့ မဟုတ်၊ အဆောက်အအုံ နည်းနည်းကောင်းနေတယ်ဆိုရင် တော်လှန်ရေးဘက်က ပုန်းခိုနိုင်တယ်ဆိုပြီး သူတို့ စက်တပ်လေထီးနဲ့ မျက်စိထဲမြင်သမျှကို ဗုံးချသွားတာပဲ။ အဲဒီတော့ ရွာဦးဘုန်းကြီးကျောင်းရယ်၊ စာသင်ကျောင်းရယ်၊ ရွာထဲက အိမ်ကြီးတွေနဲ့ သူ့ဘေးပတ်လည်က အိမ်တွေ အကုန်ထိတော့ပါပဲ။
ကောင်းကင်ကြီးက ကြည်လင်နေကာ ကြယ်ကလေးများ တလုံးနှစ်လုံးပင်မြင်နေရသည်။ မူ့ဖော်ကတော့ နေ့လယ်က အဖြစ်အပျက်ကို တွေးမိကာ ငြိမ်နေမိသည်။ ထို့နောက်မှ သတိရသွားကာ “ဂျရာ့ဖ်ဆိုတာဘာလဲသိလား” ဟူ၍ ဘူးမြာကို မေးမိသည်။ ဘူးမြာကတော့ အဝေးရှိ အမှောင်ထုကို ငေးလျက်နှင့်ပင် “သစ်ကုလားအုတ်ကိုခေါ်တာ”ဟု ခပ်လေးလေးပြောသည်။ မူ့ဖော်၏ ပါးနှစ်ဖက်တွင် ပူခနဲဖြစ်သွားသည်။
စစ်မျက်နှာ ပတ်လည်ဝိုင်းနေဆဲ စစ်ကော်မရှင်ဟာ စစ်မြေပြင်မှာ ဘယ်တပ်ဖွဲ့တွေနဲ့ လက်တွဲတိုက်မလဲဆိုတာ စံနှုန်းသုံးချက်နဲ့ ရွေးချယ်နေတယ်လို့ အနုမာနပြုချင်ပါတယ်။ ဒီစံနှုန်းတွေကတော့ စစ်ကော်မရှင်တပ်နဲ့ စစ်စီးပွားရေးအရ ကျေးဇူးခံ-ကျေးဇူးစား ဆက်ဆံရေး နက်နက်ရှိုင်းရှိုင်းရှိိနေတာ၊ သက်ဆိုင်ရာဒေသမှာ အာဏာကို အပြည့်အဝခြေကုပ်ယူထားနိုင်တာနဲ့ စစ်ကော်မရှင်ရဲ့ နိုင်ငံရေးဇာတ်ညွှန်းအတိုင်းသာ လိုက်ပါကပြတာတွေပဲ ဖြစ်ပါတယ်။
ရခိုင်ပြည် AA ထိန်းချုပ်နယ်မြေထဲ ပြည်မနဲ့ နိုင်ငံခြားထုတ်ကုန် ဘီယာ၊ အရက်၊ ဝိုင် စတဲ့ ယစ်မျိုးကုန်အားလုံးကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလကစပြီး အာဏာပိုင်တွေက စတင်သပိတ်မှောက်ခဲ့ပါတယ်။ ရခိုင်ပြည်မှာ တောအရက် ဒါမှမဟုတ် ထွေးညိုလို့ခေါ်ကြတဲ့ ရိုးရာအရက်ကို ‘မချစ်သော်လည်း အောင့်ကာနမ်း’ လာရပါတယ်။ ဒါနဲ့အတူ အရောင်အသွေး စုံလင်လှတဲ့ ဒေသထုတ် ယမကာတွေလည်း ခေတ်စားလာပါတယ်။ ဒီကနေ့ ရခိုင်ပြည်တွင်းနေ ယမကာလုလင်တွေတော့ ကြီးလေးတဲ့ ကျန်းမာရေးပြဿနာနဲ့ အသက်အန္တရာယ် ခြိမ်းခြောက်မှုကို ရင်ဆိုင်နေရတာပါ။
မထင်မှတ်တာတွေ ထလုပ်တတ်ပြီး အရည်အချင်းထက် သစ္စာခံနိုင်မှုကိုသာ အလေးပေးတတ်တဲ့ စစ်ခေါင်းဆောင်ကြောင့် စစ်ကော်မရှင်ကပြုလုပ်မယ့် ရွေးကောက်ပွဲမတိုင်မီနဲ့ ရွေးကောက်ပွဲအလွန်ကာလတွေမှာ စစ်တပ်တွင်းရာထူးနေရာများစွာဟာ မထင်မှတ်တဲ့ အပြောင်းအလဲတွေ ဖြစ်ပေါ်အုံးမှာ အသေအချာဖြစ်ပါတယ်။
This episode delves into the Tatmadaw’s historical shifts, the current junta’s grip on power, and the potential for reform amidst ongoing conflict and geopolitical pressures, highlighting the SAC’s transition to the SSPC and how Senior General Min Aung Hlaing may seek to sustain power through a tightly managed election.
ရခဲ့ပြီးဖြစ်တဲ့ စစ်ရေးအောင်ပွဲတွေကို နိုင်ငံရေးအလှည့်အပြောင်းအဖြစ် ဖန်တီးဖို့ ဘယ်လောက် အရေးကြီးသလဲ။ ကိုယ့်ရဲ့ အသာစီးရမှုတွေကို နောက်ဆုံးပန်းတိုင် ဆုပ်ဆုပ်ပိုင်ပိုင် ယန္တရားစနစ်အတွင်း အောင်မြင်မှုအဆင့် တက်လှမ်းရနိုင်ဖို့ ဘယ်လောက်အရေးကြီးပါသလဲ။ စစ်ရေးအောင်ပွဲတွေနဲ့ အန္တိမ နိုင်ငံရေးရည်ရွယ်ချက်ချိတ်ဆက်မှု၊ ပြောင်းလဲနေတဲ့ ပထဝီနိုင်ငံရေးဆက်စပ်မှုအခြေအနေတွေကို အခုပေါ့ကတ်စ်မှာ ဆွေးနွေးသွားပါမယ်။
ပြည်တင်းတာကို နာတော်ခံမလား၊ ရှင်ကြီး ကျားထက် ပိုဆိုးမလား
မြန်မာစစ်တပ် ပြိုလဲနိုင်ဖွယ် မရှိသေးတာ၊ ထီးပြိုင်နန်းပြိုင်တွေနဲ့ အချုပ်အခြာအာဏာ ဆုတ်ယုတ်တဲ့ နိုင်ငံတော်ကိုပဲ စစ်တပ်က နည်းမျိုးစုံသုံးပြီး ဆက်အုပ်ချုပ်နေဦးမှာ၊ တော်လှန်ရေးအင်အားစုတွေကလည်း လက်ရှိစစ်တပ်ကို ပိုကောင်းတဲ့ တခြားရွေးချယ်စရာနဲ့ အစားမထိုးနိုင်သေးပါဘူး။ တဖက်မှာလည်း မြန်မာစစ်တပ်အတွင်း စတုတ္ထမျိုးဆက် အပြောင်းအလဲ ဖြစ်နိုင်သလား၊ ဖြစ်ရင် ဘယ်လိုဖြစ်မလဲ၊ ဘယ်သူတွေ ဦးဆောင်မှာလဲ၊ ဘယ်လိုဦးတည်ရာမျိုးကို ရှေးရှုမလဲဆိုတာ စူးစမ်းကြည့်ဖို့ လိုအပ်လာပါတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကို တွန်းလှန်ခဲ့တဲ့ ‘နွေဦးတော်လှန်ရေး’ရဲ့ အစောပိုင်း ကြန်အင်လက္ခဏာဟာ လက်နက်ကိုင်တော်လှန်ရေး မဟုတ်ပေမဲ့ နောက်ပိုင်းမှာတော့ လက်နက်ကိုင်တိုက်ပွဲဟာ အဓိကလက္ခဏာ ဖြစ်လာခဲ့ပါတယ်။ စစ်ရေးအောင်ပွဲတွေ၊ ကိုယ့်ရဲ့ အသာစီးရမှုတွေကို ဆုပ်ဆုပ်ပိုင်ပိုင် ယန္တရားစနစ်အတွင်း အောင်မြင်မှုအဆင့် တက်လှမ်းရနိုင်ဖို့ (institutionalized gains) ဘယ်လောက်အရေးကြီးပါသလဲ။ ဒါတွေကို အခုပေါ့ကတ်စ်မှာ နားထောင်ဖို့ ဖိတ်ခေါ်ပါရစေ။
The Arakan Army (AA) has emerged as a dominant force in western Myanmar, expanding its territorial control and military alliances while keeping its political objectives—whether secession, confederation, or federalism—deliberately unclear.
In this podcast using AI-generated voiceovers, we explore the challenges the AA needs to handle in pursuing its goals and how these constraints can also work as political guardrails.
Since April 2025, KNLA and allied PDFs have seized key military outposts in the Thai-Myanmar border, with the SAC failing to regain control of the Asian Highway. In response, Thailand is leaning toward China’s conflict resolution strategy, focusing on de-escalating conflict through trade and economic incentives.
In this podcast, using AI-generated voiceovers, we delve into five key differences between Thailand and China in influencing Myanmar’s conflict actors.
AA ဟာ ရခိုင်ပြည်ကနေ ဧရာဝတီ၊ မကွေး၊ ပဲခူးအထိ ထိုးစစ်ဆင်နိုင်တဲ့ တခုတည်းသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ဖြစ်ပါတယ်။ AA ရဲ့ နိုင်ငံရေး ပန်းတိုင်ကတော့ မရှင်းလင်းသေးပါဘူး။ ခွဲထွက်ရေး လုပ်မလား၊ ကွန်ဖက်ဒရေးရှင်းလား၊ ဖက်ဒရယ် ဒီမိုကရေစီစနစ်ကို ရည်ရွယ်ထားတာလား စသည်ဖြင့် ဝါးတားတားပဲ ထားပါတယ်။ ရခိုင်ဟာ မျက်တွေ့အရ De Facto ထီးပြိုင်နန်းပြိုင်ပြည်ပုံစံနဲ့ ရပ်တည်နေပေမဲ့ စိန်ခေါ်မှုတွေ ရှိနေတုန်းပါပဲ။
မြန်မာ့မြေပေါ်က တရုတ်အကျိုးစီးပွားနဲ့ မြန်မာ့ပဋိပက္ခဖြေရှင်းရေးတွေနဲ့ပတ်သက်ပြီး ISP-Myanmar က ကောက်ယူခဲ့တဲ့ စစ်တမ်းမှာ ဖြေခဲ့တဲ့ လူကျော်လူမော်တွေရဲ့ အမြင်ကို ချိန်ထိုးကြည့်တဲ့ တင်ပြချက်ကို အပိုင်းသုံးပိုင်းခွဲ ဖော်ပြနေတာပါ။ အခုတတိယပိုင်းမှာတော့ မြန်မာ့အရေး တရုတ်နိုင်ငံရဲ့ ချဉ်းကပ်မှုနဲ့ တရုတ်နည်းတရုတ်ဟန် မြန်မာ့ပဋိပက္ခဖြေရှင်းရေးဆိုတာကို မြန်မာ့လူကျော်လူမော်တွေရဲ့ အမြင်တွေနဲ့ ချိန်ထိုးဆွေးနွေးသွားပါမယ်။
မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ဆက်ဆံရေးကို ဘယ်လို သဘောပေါက် ရှုမြင်ကြသလဲဆိုတာ သိရှိနိုင်ဖို့ ‘မြန်မာ့မူဝါဒအသိုက်အဝန်း’ရဲ့ သဘောထားစစ်တမ်းကို ISP-Myanmar အဖွဲ့က ကောက်ယူပြီး ထုတ်ဝေလာခဲ့တာ အခုဆိုရင် သုံးကြိမ်ရှိပါပြီ။ ဒါကို မြန်မာ့လူကျော်လူမော်တို့ရဲ့အမြင်လို့ ခေါ်ဆိုထားတာပါ။ အခုပေါ့ကတ်စ်မှာတော့ မြန်မာနိုင်ငံမှာ ရှိနေတဲ့ တရုတ်အကျိုးစီးပွားတွေက ဘာတွေရှိမလဲဆိုတာကို ရှင်းလင်းတင်ပြသွားမှာ ဖြစ်ပါတယ်။
မြန်မာ-တရုတ် ဆက်ဆံရေးမှာ တရုတ်က မြန်မာကို ‘အမျိုးသားအကျိုးစီးပွား’အရ ဘယ်လို ရှုမြင် သလဲဆိုတာ နားလည်ဖို့ လိုအပ်ပါတယ်။ တဖက်မှာလည်း မြန်မာက ဘယ်လို ‘အမျိုးသား အကျိုးစီးပွား’ အခြေခံနဲ့ တန်ပြန်ဆက်ဆံမှာလဲဆိုတာကိုလည်း စဉ်းစားရမှာ ဖြစ်ပါတယ်။ အခုပေါ့ကတ်စ်မှာ မြန်မာ-တရုတ် ဆက်ဆံရေးရဲ့ လက်ရှိအခြေအနေကို အကျဉ်းချုပ် တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။