
ပတ်ဝန်းကျင်အန္တရာယ်များကို သိလျက်နှင့် မူဝါဒများမချမှတ်ဘဲ ဆက်လက်တူးဖော်ခွင့်ပြုနေပါက ၎င်းတို့သည် ဒေသခံပြည်သူ၏ ရေရှည်အကျိုးစီးပွားကို လျစ်လျူရှုခြင်းပင်ဖြစ်သည်။ ထိုသို့ လျစ်လျူရှုခြင်းသည် တော်လှန်ရေး၏ နိုင်ငံရေးအနှစ်သာရနှင့် ရည်မှန်းချက်ကနေ လက်တွေ့တွင် လွဲချော်နေပြီဟု ဆိုနိုင်မည်ဖြစ်သည်။