ခရမ်းရောင်လှိုင်းလုံးကြီးတွေလို ဝေဆာနေတဲ့ လာဗန်ဒါ (Lavender) ပန်းလေးတွေဟာ သန့်စင်ခြင်းနဲ့ ငြိမ်းချမ်းခြင်းကို ကိုယ်စားပြုပါတယ်။ လက်တင်ဘာသာစကား "Lavare" (သန့်စင်ခြင်း) ကနေ ဆင်းသက်လာတဲ့ လာဗန်ဒါကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ ကျော်ကတည်းက ရှေးအီဂျစ်နဲ့ ရောမလူမျိုးတွေက နံ့သာဆီနဲ့ အမွှေးနံ့သာ ကုထုံးတွေမှာ အသုံးပြုခဲ့ကြပါတယ်။ သမိုင်းအထောက်အထားအရ တူတန်ခါမန်ရဲ့ ဂူသင်္ချိုင်းကို ဖွင့်လှစ်ချိန်မှာတောင် လာဗန်ဒါပန်းရဲ့ သင်းပျံ့တဲ့ရနံ့ကို ရရှိနေဆဲဖြစ်တယ်လို့ ဆိုကြပါတယ်။ယနေ့ခေတ်မှာလည်း လာဗန်ဒါပန်းရနံ့ကို စိတ်ဖိစီးမှုလျှော့ချဖို့နဲ့ အပန်းဖြေဖို့အတွက် ရေမွှေး၊ ဆေးဝါးနဲ့ Aromatherapy တို့မှာ အဓိက အသုံးပြုနေကြပါတယ်။ ဒီတစ်ခါ ဇာတ်လမ်း Z-Lann ရဲ့ “ရာသီမသိ ပန်းနဲ့ညှိ” အစီအစဉ်ကနေ "ပွင့်ကြူရွက်သင်း လာဗန်ဒါပန်းခင်း" ဆိုတဲ့ ခေါင်းစဉ်နဲ့ လာဗန်ဒါပန်းလေးတွေရဲ့ ထူးခြားတဲ့ သမိုင်းကြောင်းနဲ့ စိတ်ဝင်စားဖွယ် ဗဟုသုတတွေကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ #ZLann #ZLann_Podcast #ရာသီမသိပန်းနဲ့ညှိ #ပွင့်ကြူရွက်သင်းလာဗန်ဒါပန်းခင်း #Lavender #လာဗန်ဒါ
ဒီနေ့ ဇာတ်လမ်း Z-Lann Page လေးကနေ ရောင်စုံလိပ်ပြာလေးတွေလို အလှကြွယ်တဲ့ သစ်ခွပန်းလေးတွေရဲ့ ထူးခြားတဲ့ သဘာဝ၊ ပုံပန်းသဏ္ဌာန်နဲ့ အဆင်အသွေးတို့အကြောင်းကို ပြောပြပေးချင်ပါတယ်။ သစ်ခွပန်းဟာ ကမ္ဘာ့ပန်းလောကမှာ တန်ဖိုးအထားရဆုံးနဲ့ ဈေးအမြင့်ဆုံး ပေးရတတ်တဲ့ ပန်းတစ်မျိုး ဖြစ်ပါတယ်။မြန်မာစာပေအဆိုအရ ရှေးမြန်မာမင်းများလက်ထက်မှာ သစ်ခွမျိုးနွယ်ဝင်ဖြစ်တဲ့ "သဇင်ပန်း" ကို “ပန်းများဘုရင်” လို့ ချီးကျူးခေါ်ဝေါ်ကြပြီး တော်ဝင်ပန်းမြတ်အဖြစ် သတ်မှတ်ခဲ့ကြပါတယ်။ ဒီတစ်ခါ ဇာတ်လမ်း Z-Lann ရဲ့ “ရာသီမသိ ပန်းနဲ့ညှိ” အစီအစဉ်ကောင်းလေးကနေ တင်ဆက်ပေးသွားမယ့် အကြောင်းအရာလေးကတော့ “ရဂုံနန်း ပန်းတောထဲက သစ်ခွ” ဆိုတဲ့ သစ်ခွပန်းလေးတွေအကြောင်းပဲ ဖြစ်ပါတယ်။
#ZLann #ZLann_Podcast #ရာသီမသိပန်းနဲ့ညှိ #ရဂုံနန်းပန်းတောထဲကသစ်ခွ #သစ်ခွ #သဇင်ပန်း #ပန်းများဘုရင် #မြန်မာ့ပန်း #Orchid #MyanmarOrchids #RoyalFlower
တပေါင်းလဟာ မြန်မာနှစ်တစ်နှစ်ရဲ့ နောက်ဆုံးလ ဖြစ်ပါတယ်။ ဒီလို တပေါင်းလရောက်ရင် သရဖီပန်းတွေဟာ လှိုင်လှိုင်ဖူးပွင့်ကြပါတယ်။ ဒါကြောင့်လည်း ရှေးမြန်မာစာဆိုကြီးတွေရဲ့ တပေါင်းလရာသီဘွဲ့ ကဗျာ၊ ဝတ္ထု၊ လင်္ကာတွေမှာ သင်းပျံ့တဲ့ သရဖီပန်းအကြောင်းကို ထည့်သွင်းစပ်ဆိုခဲ့ကြပါတယ်။တပေါင်းလရဲ့ ရာသီပန်းဖြစ်တဲ့ ရွှေရောင်သရဖီပန်းတို့ရဲ့ စိတ်ဝင်စားဖွယ်ကောင်းတဲ့ ဗဟုသုတအကြောင်းအရာလေးတွေကို ဇာတ်လမ်း Z-Lann ရဲ့ “ရာသီမသိ ပန်းနဲ့ညှိ” ဆိုတဲ့ အစီအစဉ်လေးကနေ တင်ဆက်ပေးမှာဖြစ်ပါတယ်။
#ZLann #ZLann_Podcast #ရာသီမသိပန်းနဲ့ညှိ #တပေါင်းလ #သရဖီပန်း #မြန်မာ့ရာသီပန်း #ဗဟုသုတ #SeasonalFlowers #TharaphiFlower
ပန်းတွေဆိုတာ ကမ္ဘာပေါ်မှာရှိတဲ့ မတူညီတဲ့ ယဉ်ကျေးမှုတွေနဲ့ ဘာသာစကားတွေကို အလှပဆုံး ကိုယ်စားပြုပေးနိုင်တဲ့ သဘာဝရဲ့ လက်ဆောင်မွန်တွေပဲ ဖြစ်ပါတယ်။ ပန်းတစ်မျိုးချင်းစီမှာ သူ့ရဲ့ သမိုင်းကြောင်းတွေနဲ့ နက်ရှိုင်းတဲ့ အဓိပ္ပာယ် ကိုယ်စီ ရှိကြပါတယ်။ဥပမာအနေနဲ့ ပြောရရင်... သိမ်မွေ့မှု၊ စင်ကြယ်မှုနဲ့ ဖြူစင်တဲ့ အချစ်တွေကို ဖော်ပြချင်တဲ့အခါမှာ လူသားတွေဟာ “လီလီပန်း (Lily)” လေးတွေကို အသုံးပြုလေ့ရှိကြပါတယ်။ အရောင်အသွေး စုံလင်ပြီး ပွင့်ဖတ်ကလေးတွေရဲ့ အလှမှာ မှီခိုနေတဲ့ လီလီပန်းလေးတွေဟာ ကမ္ဘာတစ်ဝန်းက ယဉ်ကျေးမှုတွေမှာ ကံကောင်းခြင်းနဲ့ သစ္စာရှိခြင်းရဲ့ ပြယုဂ် အဖြစ် ထင်ရှားကျော်ကြားလှပါတယ်။ ✨ဒီနေ့ ဇာတ်လမ်း Z-Lann ရဲ့ “ရာသီမသိ ပန်းနဲ့ညှိ” ဆိုတဲ့ အစီအစဉ်ကနေ “လီလီအလှ ပွင့်ဖတ်ကခို” ဆိုတဲ့အတိုင်း လီလီပန်းလေးတွေရဲ့ ထူးခြားတဲ့ အလှတရားတွေနဲ့ ဒဏ္ဍာရီလာ သမိုင်းကြောင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ #ZLann #ZLann_Podcast #ရာသီမသိပန်းနဲ့ညှိ #လီလီအလှပွင့်ဖတ်ကခို #လီလီပန်း #LilyFlower #FlowerMeaning #PodcastMyanmar #NatureBeauty
အတာကူးတဲ့ တန်ခူးလရောက်လာတဲ့အခါမှာ ရွှေဝါရောင် ပိတောက်ပန်းတွေနဲ့အတူ ကံ့ကော်ပန်း ၊ စွယ်တော်ပန်းနဲ့ ငုဝါပန်းတို့ဟာ အလှချင်းဆိုင် အပြိုင်ပွင့်ကြပါတယ်။ဒါပေမယ့် ရှေးပညာရှိတွေက မြန်မာ လူမျိုးတို့ရဲ့ ဆယ်နှစ်လ ရာသီပန်းတွေထဲမှာ ကံ့ကော်ပန်းကို တန်ခူးလရာသီပန်းအဖြစ် သတ်မှတ်ထားခဲ့ကြတယ် ဆိုပေမယ့် သင်္ကြန်နဲ့ ပိတောက် ၊ ပိတောက်နဲ့သင်္ကြန်ဟာ ခွဲထားလို့မရဘူးဆိုတာ လက်ခံရမှာပါ။တစ်နှစ်မှာ တစ်ခါသာပွင့်တဲ့ ပန်းပိတောက်တွေဟာ မိုးစက်မိုးပြောက်တွေကျလာတဲ့အချိန်မှာ ဝေဝေဆာဆာ ပွင့်တတ်ကြပြီး ပိတောက်ဟာ မိုးကိုမျှော်သလို တန်ခူးသင်္ကြန်ဟာ ပိတောက်ကိုမျှော်ပါတယ်။ဒီနေ့မှာတော့ ဇာတ်လမ်း Z- Lann ရဲ့ “ရာသီမသိ ပန်းနဲ့ညှိ”ဆိုတဲ့ အစီအစဉ်လေးကနေ မြန်မာလူမျိုးတို့ရဲ့ နှစ်သစ်ကူးအထိမ်း အမှတ်ဖြစ်တဲ့ ပိတောက်ပန်းလေးတွေအကြောင်းကို စိတ်ဝင်စားဖွယ် ပြောပြပေးသွားမှာဖြစ်ပါတယ်။ #ZLann #ZLann_Podcast #ရာသီမသိပန်းနဲ့ညှိ #ရွှေပိတောက်ဖြိုးမောက်တဲ့နွေ #သင်္ကြန်နှင့်ပိတောက် #တန်ခူးလရာသီပန်း #ပိတောက်ပန်းအကြောင်း #မြန်မာ့ရိုးရာနှစ်သစ်ကူး #MyanmarThingyan #PadaukFlower
“ရာသီမသိ ပန်းနဲ့ညှိ”ဆိုတဲ့ စကားလေးအတိုင်း ခတ္တာပန်းလေးတွေ ဖူးပွင့်လာကြပြီဆိုရင် ဝါခေါင်လ ရောက်လာပြီဆိုတာကို သိနိုင်ပါတယ်။ တေးရေးဆရာ ကိုနေဝင်းရဲ့ "ခတ္တာ" သီချင်းလေးထဲမှာ "ဝါဆိုပန်း မင်းလွင် ပုန်းညက် နွမ်းရက်လွန် ကြွေပြီမို့ သိဟ်ရာသီ ဝါခေါင်မိုးနဲ့ လှမ်းလာခဲ့တော့ ခတ္တာရေ”ဆိုပြီး ရေးဖွဲ့ခဲ့ပါတယ်။ဒီစာသားလေးဟာ ဝါဆိုလရဲ့ ရာသီပန်းလေးတွေ ကြွေပြီးနောက်မှာ သိဟ်ရာသီ ဝါခေါင်လရဲ့ ရာသီပန်းလေးတွေ ဖြစ်တဲ့ ခတ္တာပန်းများ ပွင့်လန်းရောက်ရှိလာပုံကို ဖော်ကျူးထားခြင်းဖြစ်တာကြောင့်၊ ဝါခေါင်လရောက်တိုင်း ဒီတေးသွားလေးကို ကြားယောင်လာမိစေပါတယ်။သဲသဲမဲမဲနဲ့ ရွာနေတဲ့ မိုးရေတွေရဲ့ကြား ဖူးပွင့်အားယူ ပွင့်လန်းသူ ခတ္တာပန်းလေးတွေရဲ့ အလှအကြောင်းကို ဇာတ်လမ်း Z-Lann ရဲ့ အစီအစဉ်ကောင်းလေးဖြစ်တဲ့ “ရာသီမသိ ပန်းနဲ့ညှိ”ဆိုတဲ့ အစီအစဉ်လေးကနေ တင်ဆက်ပေးသွားမှာပဲ ဖြစ်လို့ ဝင်ရောက်ကြည့်ရှု့ နားဆင်နိုင်ပါပြီ။#Zlann_Podcast #ဇာတ်လမ်း #ခတ္တာပန်း #ဝါခေါင်လ #ရာသီပန်း #မြန်မာ့ယဉ်ကျေးမှု #တေးသီချင်း #ကိုနေဝင်း #ပန်းနှင့်ရာသီ #အစီအစဉ်ကောင်း
နွေသရုပ်ဟာ တစ်ဖန်၊ မိုးသဏ္ဌာန်မှာ အခါပြောင်း၊ နွေအနှောင်း မိုးကောင်းလို့ရွာတဲ့ကာလ၊ ဝါဆိုလမှာ မုလေးပန်းတွေ ဖူးပွင့်ကြပါတယ်။ မုလေးပန်းကို မုလေးပင်ကနေရရှိပြီး မြတ်လေးပန်းလို့လည်း ခေါ်ကြ ပါတယ်။ မုလေးပန်းရဲ့ ထူးခြားချက်က သူ့ကို ဆွတ်ခူးမယ့်သူ မရှိရင် မြေပေါ်ကိုကြွေမကျဘဲ နွမ်းခြောက်သွားတဲ့အထိ ပင်ယံထက်မှာပဲ တည်ရှိနေတတ်ပါတယ်။ ဒါကြောင့် မြန်မာအမျိုးသမီးတွေ ဣန္ဒြေသိက္ခာထိန်းသိမ်းကြရာမှာ “မြတ်လေးပန်းလိုကျင့်” ဆိုပြီး ခိုင်းနှိုင်းပြောဆိုကြခြင်းဖြစ်ပါတယ်။ဒီကနေ့ ဇာတ်လမ်း Z-Lann ရဲ့ “ ရာသီမသိ ပန်းနဲ့ညှိ “ ဆိုတဲ့အစီအစဉ်လေးကနေ “ဖြူလွှ မွှေးမွှေး ပန်းမုလေး”ဆိုတဲ့ မုလေးပန်းလေးတွေရဲ့ အကြောင်းကို စိတ်ဝင်စားဖွယ် တင်ဆက်ပေးသွားမှာဖြစ်လို့ ဝင်ရောက်နားဆင်ခံစားနိုင်ပါပြီ။
#ZLann_Podcast #ရာသီမသိပန်းနဲ့ညှိ #ဖြူလွှမွှေးမွှေးပန်းမုလေး #မုလေးပန်း #မြတ်လေးပန်း
“ခုရေတွင်းတူး ခုရေကြည်သောက်” ဆိုတဲ့ စကားပုံကို သုံးပြီး လူကြီးသူမတွေ ဆုံးမစကားပြောတာကို ကြားဖူးကြမယ်လို့ ထင်ပါတယ်။ ဒီစကားပုံလေးဟာ ရေတွင်းတူးပြီးပြီးချင်း ရေကြည်ကို ချက်ချင်း သောက်ချင်သလိုမျိုးပဲ လုပ်ငန်းတစ်ခုဆောင်ရွက်ပြီးတဲ့အခါ သင့်လျော်တဲ့ကာလအထိ မစောင့်ဆိုင်းနိုင်ဘဲ ချက်ချင်းအကျိုးခံစားချင်ပုံကို ဆိုလိုတာပါ။
ဒီနေ့ ဇာတ်လမ်း Z-Lann ရဲ့ “မြန်မာစကားပုံများ” အစီအစဉ်ကနေ “ခုရေတွင်းတူး ခုရေကြည်သောက်” ဆိုတဲ့ စကားပုံလေးဖြစ်ပေါ်လာပုံအကြောင်းကို ပရိသတ်ကြီးအတွက် စိတ်ဝင်စားဖွယ် တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ #ZLann #ZLann_Podcast #မြန်မာစကားပုံများ #ခုရေတွင်းတူးခုရေကြည်သောက် #Burmeseproverbs #proverbs
ဒီနေ့ ဇာတ်လမ်း Z-Lann ရဲ့ “မြန်မာစကားပုံများ” အစီအစဉ်ကနေ “နွားပျိုသန်လှ နွားအိုပေါင်ကျိုး” ဆိုတဲ့ စကားပုံလေးအကြောင်းကို ပြောပြချင်ပါတယ်။ ဒီစကားပုံလေးဟာ လူငယ်တွေရဲ့ ခွန်အား၊ တက်ကြွမှုနဲ့ လူကြီးတွေရဲ့ အတွေ့အကြုံ၊ ဝါရင့်မှုတို့ကို နှိုင်းယှဉ်ပြသခြင်းပဲ ဖြစ်ပါတယ်။နွားပျိုဟာ ကိုယ်ခန္ဓာအားဖြင့် သန်မာတက်ကြွ ကြပေမယ့် အိုမင်းနေပြီဖြစ်တဲ့ နွားအိုဟာ ပေါင်ကျိုးနေရင်တောင်မှ သူ့မှာရှိတဲ့ အတွေ့အကြုံတွေကြောင့် လမ်းကြောင်းမှန်ကို သိရှိပြီး နွားပျိုထက်ပိုပြီး အသုံးဝင်နေနိုင်သေးတယ်ဆိုတဲ့ လေးနက်တဲ့ သဘောတရားကို စကားပုံလေးကနေ ပြောပြချင်တာပါ။။ ဒီစကားလေးကနေ အတွေ့အကြုံရဲ့ တန်ဖိုးကို အလေးထားဖော်ပြတာအပြင် စကားပုံလေးရဲ့ မူလရည်ရွယ်ချက်အဓိပ္ပာယ်တို့ကို အစီအစဉ်လေးကနေ ပြောပြပေးသွားမှာပဲ ဖြစ်ပါတယ်။
#ZLann #ZLann_Podcast #မြန်မာစကားပုံများ #နွားပျိုသန်လှနွားအိုပေါင်ကျိုး #Burmeseproverbs #proverbs
စကားပုံတွေဟာ စကားပြောတဲ့အခါ မပါမဖြစ်တဲ့ အဆင်တန်ဆာတွေဖြစ်ပြီး စကားကိုရွှင်စေကာ အသက်ဝင်စေပါတယ်။ ရှည်ရှည်ဝေးဝေး ဖွဲ့နွဲ့ပြောဆိုရမယ့် စကားတွေကို တိုတိုနဲ့ ထိထိမိမိပြောဖို့အတွက် စကားပုံတွေကို အသုံးပြုကြပါတယ်။ဒီနေ့မှာတော့ ဇာတ်လမ်း Z-Lann ရဲ့ “မြန်မာစကားပုံများ” အစီအစဉ်ကနေ “ဘုန်းကြီးခေါင်းခေါက်ပြီးမှ ဝန်ချတောင်းပန်” ဆိုတဲ့ စကားပုံလေးအကြောင်းကို ပြောပြပေးသွားမှာဖြစ်ပါတယ်။ #ZLann #ZLann_Podcast #မြန်မာစကားပုံများ #ဘုန်းကြီးခေါင်းခေါက်ပြီးမှဝန်ချတောင်းပန် #Burmeseproverbs #proverbs
"ဆင်ဖြူတော်မှီ ကြံစုပ်" ဆိုတဲ့ စကားပုံဟာ ဆင်ဖြူတော်အတွက် ဆက်သတဲ့ကြံကို ဆင်ထိန်းက ကပ်မြှောင်ပြီး စုပ်သလိုမျိုး အာဏာ သို့မဟုတ် ဩဇာအရှိန်အဝါရှိတဲ့သူတစ်ဦးဦးကို မှီခိုပြီး ကိုယ်ကျိုးစီးပွားအတွက် ခိုးကြောင်ခိုးဝှက် အခွင့်အရေးယူတတ်ပုံကို ခိုင်းနှိုင်းဥပမာပေးထားတာ ဖြစ်ပါတယ်။ဒီနေ့ဇာတ်လမ်း Z-Lann “မြန်မာစကားပုံများ” အစီအစဉ်ကနေ "ဆင်ဖြူတော်မှီ ကြံစုပ်" စကားပုံရဲ့ အဓိပ္ပာယ်ကို လက်တွေ့ဘဝက ဥပမာတွေနဲ့ ဘယ်လိုရှင်းပြနိုင်မလဲဆိုတာ ပြောပြပေးသွားမှာဖြစ်ပါတယ်။#ZLann #ZLann_Podcast #မြန်မာစကားပုံများ #ဆင်ဖြူတော်မှီကြံစုပ် #Burmeseproverbs #proverbs
သခင်အားရ ကျွန်တန်ဝ စကားပုံတွေဟာ စကားစုတိုလေးတွေဖြစ်ပေမယ့် နောက်ကွယ်မှာ အတွေ့အကြုံတွေ၊သင်ခန်းစာတွေ အများကြီး ပါဝင်ပါတယ်။ လူတွေဟာ နေ့စဉ်စကားပြောဆိုတဲ့အခါ ဥပမာပေးဖို့၊အကြုံပြုဖို့နဲ့ အလိမ္မာနည်းသုံးကာ သင်ခန်းစာပေးဖို့အတွက် စကားပုံတွေကို အသုံးပြုကြပါတယ်။ ဒီနေ့ပြောပြပေးချင်တဲ့ စကားပုံလေးကတော့ သခင်အားရကျွန်တန်ဝဆိုတဲ့ စကားပုံလေးပဲဖြစ်ပါတယ်။ ဒီစကားပုံလေးရဲ့ မူရင်းအဓိပ္ပါယ်နဲ့ ဖြစ်ပေါ်လာတဲ့ဇာစ်မြစ်သမိုင်းကြောင်းကို ဇာတ်လမ်း Z-Lann ရဲ့ “စကားပုံများ”အစီအစဉ်ကနေ တင်ဆက်ပေးနေပြီဖြစ်လို့ ရှုစားနားဆင်နိုင်ပါပြီ။#ZLann #ZLann_Podcast #မြန်မာစကားပုံများ #သခင်အားရကျွန်တန်ဝ #Burmeseproverbs #proverbs
မြန်မာလူမျိုးတွေဟာ စကားပြောတဲ့အခါမှာ ထိထိမိမိနဲ့လိုရင်းရောက်အောင် စကားပုံတွေကို အသုံးပြုပြီး ပြောတတ်ကြပါတယ်။ ကိုယ့်အတွက် ပိုအကျိုးရှိမယ့်အရာကိုတောင် မစဉ်းစားနိုင်ဘဲ တရားသေဆုပ်ကိုင် လုပ်ဆောင်တတ်ပုံကို “အမယ်မှာသည့်ဆန်တစ်ခွဲ သုံးစိတ်နဲ့မလဲ”ဆိုတဲ့စကားပုံလေးနဲ့ ဘယ်လိုပညာသား ပါးပါး ပြောသွားမလဲဆိုတာကို ဇာတ်လမ်း Z-Lann “မြန်မာစကားပုံများ ”အစီအစဉ်ကနေ စောင့်မျှော် ကြည့်ရှုလို့ရပါပြီ။#ZLann #ZLann_Podcast #မြန်မာစကားပုံများ #အမယ်မှာသည့်ဆန်တစ်ခွဲသုံးစိတ်နဲ့မလဲ #Burmeseproverbs #proverbs
"ငုပ်မိသဲတိုင်၊ တက်နိုင်ဖျားရောက်" ဆိုတဲ့ စကားပုံကတော့ ဘယ်အလုပ်ကိုမဆို လုပ်ဆောင်တဲ့အခါမှာ အောင်မြင်ပြီးဆုံးတဲ့အထိ ရောက်အောင် လုပ်ဆောင်ဖို့ အသိပေးတဲ့ စကားပုံတစ်ခု ဖြစ်ပါတယ်။ ရေငုပ်တဲ့အခါမှာ ရေအောက်ကြမ်းပြင်က သဲပြင်ထိတိုင်အောင် ငုပ်သင့်သလို၊ သစ်ပင်တို့၊ တောင်တန်းတို့ကို တက်ရောက်တဲ့အခါမှာလည်း ထိပ်ဖျားထိရောက်အောင် တက်သင့်တယ်ဆိုပြီး ကြိုးစားအားထုတ်မှုကို အားပေးထားတဲ့ စကားပုံလေးဖြစ်ပါတယ်။ဒီစကားပုံလေးဟာ လုပ်ငန်းတစ်ခုကို စတင်တဲ့အခါ အလယ်မှာ စိတ်ဓာတ်မကျဘဲ၊ ဇွဲ၊ လုံ့လ၊ ဝီရိယနဲ့ အောင်မြင်မှုပန်းတိုင်ရောက်တဲ့အထိ လုပ်ဆောင်သင့်တယ်ဆိုတာကို အားပေးတဲ့ စကားပုံဖြစ်ပါတယ်။ ဒါဆိုရင် ဒီစကားပုံကို ဘယ်သူက စတင်ပြောခဲ့တာလဲ၊ ဘာကြောင့် ဒီစကားပုံလေး ပေါ်ပေါက်လာတာလဲဆိုတာကို ဇာတ်လမ်း Z-Lann ရဲ့ "မြန်မာစကားပုံများ" အစီအစဉ်ကနေ ကြည့်လိုက်ကြရအောင်။#ZLann #ZLann_Podcast #မြန်မာစကားပုံများ #ငုပ်မိသဲတိုင်တက်နိုင်ဖျားရောက် #Burmeseproverbs #proverbs
လူမျိုးတစ်မျိုးရဲ့ ဓလေ့၊ ယဉ်ကျေးမှုနဲ့ အတွေ့အကြုံတွေကို ထင်ဟပ်နေတဲ့ အမွေအနှစ်တစ်ခုကို ဖော်ပြပါဆိုရင် မြန်မာ့စကားပုံလို့ ပြောလို့ရပါတယ်။ ဥပမာအနေနဲ့ ပြောရမယ်ဆိုရင် "အသံသာရှိ အဆန်မရှိ" ဆိုတဲ့ စကားပုံလေးဟာ အပြောအဆိုကောင်းပြီး ဟိတ်ဟန်များစွာနဲ့ ကြွားလုံးထုတ်နေပေမဲ့၊ တကယ်တမ်း လက်တွေ့မှာ ဘာမှ ထိထိရောက်ရောက် လုပ်ဆောင်နိုင်စွမ်းမရှိပုံကို ဖော်ပြချင်တာပဲ ဖြစ်ပါတယ်။ဒီစကားပုံလေးကို လက်တွေ့ဘဝရဲ့ ဘယ်လိုအခြေအနေမျိုးမှာ အသုံးပြုနိုင်လဲ၊ ဒီစကားပုံကနေ ဘယ်လိုသင်ခန်းစာတွေ ရရှိနိုင်လဲဆိုတာကို ပုံပြင်လေးနဲ့တကွ ဇာတ်လမ်း Z-Lann ရဲ့ "မြန်မာစကားပုံများ" အစီအစဉ်ကနေ စိတ်ဝင်စားဖွယ် ပြောပြပေးသွားမှာဖြစ်ပါတယ်။ #ZLann #ZLann_Podcast #မြန်မာစကားပုံများ #အသံသာရှိအဆန်မရှိ #Burmeseproverbs #proverbs
ဒီနေ့ ဇာတ်လမ်း Z-Lann ရဲ့ “မြန်မာစကားပုံများ” အစီအစဉ်ကနေ ပြောပြပေးသွားချင်တဲ့ စကားပုံလေးကတော့ “အချိန်တန်တော့ နွားပိန်ကန်လိမ့်” ဆိုတဲ့ စကားပုံလေးပါပဲ။ဒီစကားပုံလေးရဲ့ ဆိုလိုရင်းကတော့ နွားပိန်ပင် ဖြစ်သော်ငြားလည်း ရုန်းကန်ရမယ့်အချိန် ရောက်လာပြီဆိုရင် သူ့မှာရှိတဲ့ အင်အားနဲ့ ရုန်းကန်ရမှာပဲ ဖြစ်ပါတယ်။ ဒီလိုပါပဲ၊ အခြေအနေအချိန်အခါ ကျရောက်လာပြီဆိုရင် အလိုလိုဖြစ်မြောက်လာနိုင်ပုံကို ခိုင်းနှိုင်းဥပမာပေးထားတာဖြစ်ပါတယ်။ဒီစကားပုံလေးကို ဘယ်လိုအခြေအနေမျိုးမှာ သုံးလို့ရလဲ၊ ဘာကြောင့် ဒီစကားပုံလေး ဖြစ်ပေါ်လာတာလဲ ဆိုတာနဲ့ စကားပုံရဲ့နောက်ကွယ်ကပုံပြင်လေးကိုပါ ဇာတ်လမ်း Z-Lann ကနေ တင်ဆက်ပေးသွားမှာဖြစ်လို့ စိတ်ဝင်စားရင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။#ZLann #ZLann_Podcast #မြန်မာစကားပုံများ #အချိန်တန်တော့နွားပိန်ကန်လိမ့် #Burmeseproverbs #proverbs
စကားပုံဆိုတာဟာ လူတွေရဲ့ဘဝအတွေ့အကြုံတွေ၊ အတွေးအခေါ်တွေ၊ ယုံကြည်မှုတွေကနေ ဆင်းသက်လာပြီး မျိုးဆက်တစ်ခုကနေ နောက်မျိုးဆက်တစ်ခုကို နှုတ်ပြောအစဉ်အဆက် လက်ဆင့်ကမ်းလာတဲ့ စကားစု ဒါမှမဟုတ် ဝါကျတိုလေးတွေပဲ ဖြစ်ပါတယ်။ စကားပုံတွေမှာ ပညာပေးသဘော၊ ဆုံးမသွန်သင်တဲ့သဘော၊ သရော်လှောင်ပြောင်တဲ့သဘော၊ ဒါမှမဟုတ် တိုက်ရိုက်မပြောဘဲ ပုံပမာအားဖြင့် ပြောဆိုတဲ့သဘောတွေ ပါဝင်တတ်ပါတယ်။
ဒီနေ့ ဇာတ်လမ်း Z-Lann ကနေ ပြောပြသွားချင်တဲ့ စကားပုံလေးကတော့ “မိုးကြိုးပစ် ထန်းလက်ကာ” ဆိုတဲ့စကားပုံလေးပဲ ဖြစ်ပါတယ်။ ဒီစကားပုံလေးရဲ့ ဆိုလိုရင်းက မိုးကြိုးပစ်တာကို လုံလိုလုံငြား ထန်းလက်နဲ့ ကာသလိုပဲ၊ အပြစ်ရှိသူက အပြစ်ပေါ့လိုပေါ့ငြား မခိုင်လုံတဲ့ ဆင်ခြေတွေပေးပြီး ကာကွယ်တာကို ခိုင်းနှိုင်းဥပမာပေးချင်တာပါ။ ဒီစကားပုံလေး ဖြစ်ပေါ်လာပုံအသေးစိတ်ကို ဇာတ်လမ်း Z-Lann ရဲ့ “မြန်မာစကားပုံများ” အစီအစဉ်မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါပြီ။
#ZLann #ZLann_Podcast #မြန်မာစကားပုံများ #မိုးကြိုးပစ်တာထန်းလက်ကာ #Burmeseproverbs #proverbs
စကားပြောတဲ့အခါမှာ မြန်မာလူမျိုးတွေဟာ တိုတိုနဲ့လိုရင်းရောက်အောင် စကားပုံတွေကို အသုံးပြုတတ်ကြပါတယ်။ ဒီနေ့မှာတော့ အရှည်ကိုမျှော်တွေးမစဉ်းစားဘဲ ခဏတစ်ဖြုတ် မျက်စိတစ်မှိတ် ပျော်မွေ့ရခြင်းကိုသာ မြင်ပြီး ကြုံတွေ့ရမယ့် အန္တရာယ်ကို မမြင်နိုင်တဲ့ အကြောင်းကို အဓိပ္ပာယ်ပါပါနဲ့ ဖော်ပြထားတဲ့ “ငါးစာသာမြင်၊ ငါးမျှားချိတ်မမြင်” ဆိုတဲ့ စကားပုံလေးအကြောင်းကို ဇာတ်လမ်း Z-Lan ရဲ့ “မြန်မာစကားပုံများ”အစီအစဉ်ကနေ တင်ဆက်ပြောပြပေးသွားမှာပဲ ဖြစ်ပါတယ်။#ZLann #ZLann_Podcast #မြန်မာစကားပုံများ #ငါးစာသာမြင်_ငါးမျှားချိတ်မမြင် #Burmeseproverbs #proverbs
ကျားရဲ့ရန်ကို ကြောက်ရွံ့တာကြောင့် အရှင်ကြီးကို ကိုးကွယ်မိလိုက်ချိန်မှာမှ ကျားစာဖြစ်ပြီး သေဆုံးခဲ့ရသလိုမျိုး၊ တစ်စုံတစ်ယောက်ရဲ့ ရန်ကိုကြောက်လို့ တခြားတစ်ယောက်ကို အားကိုးမိလိုက်ရာကနေ ပိုပြီးဒုက္ခရောက်သွားတဲ့အဖြစ်မျိုးကို "ကျားကြောက်လို့ ရှင်ကြီးကိုး၊ ရှင်ကြီး ကျားထက်ဆိုး" ဆိုတဲ့စကားပုံနဲ့ ခိုင်းနှိုင်းပြောဆိုလေ့ရှိတာကို ကြားဖူးကြမှာပါ။
ဒီနေ့ ဇာတ်လမ်း Z-Lann ရဲ့ “မြန်မာစကားပုံများ”အစီအစဉ်ကနေ ဒီစကားပုံလေး ဖြစ်ပေါ်လာပုံ ဇာတ်ကြောင်းလေးကို ပုံပြင်သဖွယ် စိတ်ဝင်စားဖွယ်ကောင်းအောင် တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။
#ZLann #ZLann_Podcast #မြန်မာစကားပုံများ #ကျားကြောက်လို့ရှင်ကြီးကိုးရှင်ကြီးကျားထက်ဆိုး #Burmeseproverbs #proverbs
“ကျွဲပါးစောင်းတီး”ဆိုတဲ့ စကားပုံလေးဟာ စကားလုံးနည်းနည်းလေးသာဖြစ်ပေမယ့် အဓိပ္ပာယ်ကတော့ အရမ်းကို လေးနက်ပါတယ်။ ကျွဲရဲ့အနားမှာ စောင်းကို ဘယ်လောက်ပဲ သာယာအောင် တီးခတ်နေပါစေ၊ ကျွဲအဖို့တော့ အချည်းနှီးပါပဲ။ အဲဒီလိုပါပဲ၊ အကောင်းအဆိုးကို မသိတဲ့သူတစ်ယောက်ကို တန်ဖိုးရှိတဲ့ စကားတွေ နားဝင်အောင် ဘယ်လောက်ပဲပြောပြော အချည်းနှီးပါပဲ။ဒီလိုလေးနက်တဲ့စကားပုံလေး ဘယ်ကနေ ဘယ်လိုဖြစ်ပေါ်လာသလဲဆိုတာနဲ့ စကားပုံနဲ့ ဆက်စပ်နေတဲ့ ပုံပြင်လေးကို ဇာတ်လမ်း Z-Lann ရဲ့ “မြန်မာစကားပုံများ”အစီအစဉ်ကနေ တင်ဆက်ပေးသွားမှာဖြစ်လို့ နားဆင်ကြည့်ရှုနိုင်ပါပြီ။#ZLann #ZLann_Podcast #မြန်မာစကားပုံများ #ကျွဲပါးစောင်းတီး #Burmeseproverbs #proverbs